Feb 24, 2026
နိုင်ငံတော်အစိုးရက ကျေးလက်နှင့်မြို့ပြ၊ တောင်တန်းနှင့် မြေပြန့်မကျန်လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်နှင့် မြို့ပြချိတ်ဆက်မှုကောင်းမွန်စေရန် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများနှင့် တံတားများ တည်ဆောက်ပေးခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
Feb 23, 2026
ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းနေထိုင်မှုသည် ယနေ့ကာလတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများအပေါ် သက်ရောက်မှုရှိနေသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပသို့ လူအများ ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ပတ်သက်၍ အကြောင်းရင်းများစွာရှိသော်လည်း ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မတူညီမှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပြည်တွင်းပဋိပက္ခများနှင့် လူမှုစီးပွားအကျပ်အတည်းများ၏ တွန်းအားရှိနေမှု၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု စသည့်အခြေအနေအရပ်ရပ်တို့သည် ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုများပြားစေသည်။ နိုင်ငံတကာရွှေ့ပြောင်းသွားလာနေထိုင်မှုဆိုင်ရာအဖွဲ့ (IOM) ၏ ၂ဝ၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရွှေ့ပြောင်းနေထိုင်သူဦးရေ ၂၈၁ သန်းခန့်ရှိပြီး ယင်းသည် ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးစုအတွင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားအရေအတွက် တိုးလာခဲ့သည်။ အမျိုးသားရွှေ့ပြောင်းလုပ်သားအရေအတွက်သည် အမျိုးသမီးရွှေ့ပြောင်း လုပ်သားအရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။
Feb 23, 2026
မြေနံ့သင်းသော လေပြေညင်းနှင့်အတူ စပါးနှံတို့ ဝင်းဝါမှည့်ဝင်းနေသည့် လယ်ကွင်းပြင်များသည် မြန်မာ့မြေ၏ ဂုဏ်ကျက်သရေပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုနှင့် ပြည်သူတို့၏ အခြေခံအကျဆုံးသော စားနပ်ရိက္ခာဖူလုံမှုတို့မှာ တောင်သူလယ်သမားတို့၏ ကြမ်းတမ်းသော လက်ဖဝါးများပေါ်တွင် အခြေခံထားပါသည်။
Feb 22, 2026
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ၆-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ စာရေးသူလည်း ကြုံတုန်းကြုံခိုက်မို့ ထိုနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ လှပခံ့ညားလွန်းလှသည့် တံတားကြီးပါလား။ မြင့်မားခံ့ထည်လွန်းလှသည်။ မိမိတို့တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူဖွယ်ရာ တံတားကြီးတစ်စင်းပင်။ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် တံတားများထဲတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုးဆိုင်းတံတား(Cable Stayed Bridge)အမျိုးအစားဖြစ်ကြောင်း သိရသည်။
Feb 21, 2026
၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြင့် စာပေနယ်သို့ ကျွန်တော် စတင်ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ရေးခဲ့သော ဆောင်းပါး၏ အမည်မှာ “လက်ကမ်း၍ကြိုပါမည်” ဟူ၍ဖြစ်၏။ မည်သူတို့ကို လက်ကမ်း၍ ကြိုခဲ့ပါသနည်း၊ မည်သည့်အဖွဲ့အစည်းကို ဇောစေတနာရည်သန်၍ ရေးခဲ့ပါသနည်း ဆိုရပါမူ ဦးခွန်ဆာ ခေါင်းဆောင်သည့် MTA ခေါ် လွယ်မော်လက်နက်ကိုင်အဖွဲ့အား ဖိတ်ခေါ်ရေးသားခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်သားဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဦးခွန်ဆာ၏ မွေးရပ်ဇာတိဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လိုင်ကျေးရွာ၌ စခန်းထိုင်ခဲ့ဖူးသည်။
Feb 21, 2026
လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုပြည့်၊ အင်းစိန်နဲ့ လှိုင်သာယာဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတားအဆင်းအနီး ဖုန်းအလုခံလိုက်ရပါတယ်။ စက်ရုံက အချိန်ပိုဆင်းပြီးအပြန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပါတယ်။ ညအချိန်မှောင်နေတာကြောင့် ဆန့်ကျင်ဘက်အရပ်က လူနှစ်ဦးလာတာကိုသာ မြင်လိုက်ရပြီး မျက်နှာကိုလည်း သဲသဲကွဲကွဲမမှတ်မိ လိုက်ပါဘူး။
Feb 20, 2026
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သို့မဟုတ် စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးဟု အာဏာကြီးသုံးရပ် ပိုင်းခြားကျင့်သုံး ဆောင်ရွက်ကြပါသည်။ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်အရေးကြီးသောအရာဖြစ်ပါသည်။ ဥပဒေများသည် တရားမျှတမှု၊ မှန်ကန်မှု၊ ခေတ်နှင့်လျော်ညီမှုရှိသောအခါ နိုင်ငံနှင့် ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်ပြီး ဥပဒေ၏အကာအကွယ်နှင့် အနှစ်သာရ အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါသည်။
Feb 19, 2026
ပညာရေးဟာ အတိတ်ကာလတွေမှာ ဆရာဦးဆောင်တဲ့ပုံစံကို အဓိကထားခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ AI (Artificial Intelligence) ဉာဏ်ရည်တုဆိုတဲ့ နည်းပညာအသစ်ရဲ့ ပါဝင်လာမှုကြောင့် ဆရာနဲ့ ကျောင်းသားတို့ရဲ့ သင်ကြားရေးလုပ်ငန်းစဉ်မှာ ရှည်လျားစွာတည်ရှိခဲ့တဲ့ ပုံသေစံနှုန်းတွေ လှုပ်ရှားသွားပြီး ပြောင်းလဲမှုအသစ်တွေကို ဖန်တီးပေးနေပါတယ်။ ဒီခေတ်ဆရာတွေအတွက် အဓိကမေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ AI နည်းပညာက ပညာရေးဝန်ကို မည်သို့ပေါ့ပါးစေနိုင်မလဲ၊ တတ်သိနားလည်မှုကို မည်မျှအထိ မြှင့်တင်ပေးနိုင်မလဲ၊ ဒါ့အပြင် ပညာရေးတန်းတူညီမျှမှုကို မည်သို့ဖော်ဆောင်ပေးနိုင်မလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲဒီကနေ ဆရာ - ကျောင်းသား- AI သုံးပွင့်ဆိုင် ပညာရေးနယ်ပယ်အသစ်တစ်ခု ပေါ်ထွန်းလာခဲ့ပါတယ်။
Feb 18, 2026
နေ့စဉ်ထုတ်သတင်းစာများတွင် မှုခင်းသတင်းနှစ်ပုဒ်ကို စိတ်မချမ်းမြေ့ဖွယ် ဖတ်ရှုလိုက်ရသည်။ တစ်ပုဒ်မှာ အငှားယာဉ်မောင်းကို သတ်ဖြတ်၍ မော်တော်ယာဉ် လုယက်ယူဆောင်မှုနှင့် တစ်ပုဒ်မှာ ဟိုတယ်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးကို ရက်စက်စွာ သတ်ဖြတ်သည့် တရားခံများကို ဖမ်းဆီးရမိမှုတို့ဖြစ်သည်။
Feb 18, 2026
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။ သစ်တောဦးစီးဌာန၏ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး၊ ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် ဝါးမျိုးစုနှစ်မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။ ယင်းတို့အနက် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တင်းလယ်မဲ၊ တင်းဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖို၊ ကြခတ်မ၊ ဝါးမင်းနှင့် ခဲလံဝါးတို့မှာ စီးပွားရေး အရ ဈေးကွက်ဝင်သည့် ဝါးအမျိုးအစားများဖြစ်ကြသည်။
