Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကိုလက်ခံ၍ အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံ၍ ၎င်းအား အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်သည်။

သတင်းစဉ်